ဆာလံကျမ်း 136:14-26
14
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော၊
15
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဖာရောမင်းနှင့်ဗိုလ်ခြေများကို ဧဒုံပင်လယ် ထဲ၌ လှဲချတော်မူထသော၊
16
ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊
17
ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ကြီးသောဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော၊
18
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို၎င်း၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဗာရှန်ပြည် ကိုအစိုးရသော ဩဃမင်းကို၎င်း၊ ကရုဏာတော် အစဉ် အမြဲတည်သည်ဖြစ်၍၊ ဘုန်းကြီးသော ဘုရင်များကို၎င်း လုပ်ကြံတော်မူထသော၊
19

20

21
ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊
22
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ မိမိကျွန်ဣသရေလအမျိုးအား အမွေကို ပေးချတော်မူ ထသော၊
23
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ နှိမ့်ချလျက်နေသော ငါတို့ကိုအောက်မေ့တော်မူထသော၊
24
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ငါတို့ကိုရန်သူတို့ အထဲက ရွေးနှုတ်တော်မူထသော၊
25
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ခပ်သိမ်းသောသတ္တဝါတို့ကို ကျွေးမွေးတော်မူသော၊
26
ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings