Skip to content
ဆာလံကျမ်း 136:10-15

အဲဂုတ္တုပြည်မှ ထွက်မြောက်ရာ၌ ဘုရားသခင်၏ တန်ခိုးကြီးသောအမှုများ

ဆာလံကျမ်း 136:10-15
10
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊
11
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အားကြီးသော လက်၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊
12
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင်တော်မူထသော၊
13
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်းခွဲတော်မူထသော၊
14
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော၊
15
ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဖာရောမင်းနှင့်ဗိုလ်ခြေများကို ဧဒုံပင်လယ် ထဲ၌ လှဲချတော်မူထသော၊

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်