Skip to content
သုတ္တံကျမ်း 30:1-6

သုတ္တံကျမ်း 30:1-6

1
ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလ ကို ဆုံးမသောတရားစကား ဟူမူကား၊
2
အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူဉာဏ်နှင့် မပြည့်စုံ။
3
ပညာတရားကို မသင်၊ သန့်ရှင်းသော အရာ တို့ကို မလေ့ကျက်။
4
ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
5
ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
6
စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Options