Skip to content
တောလည်ရာကျမ်း 7:1-33

တောလည်ရာကျမ်း 7:1-33

1
မောရှေသည် တဲတော်ကို ထူထောင်၍၊ တဲတော် နှင့် တဲတော်တန်ဆာရှိသမျှတို့ကို၎င်း၊ ယဇ်ပလ္လင်နှင့် ယဇ် ပလ္လင်တန်ဆာရှိသမျှတို့ကို၎င်း၊ ဆီလူး၍ သန့်ရှင်းစေခြင်း အမှုကို လက်စသတ်သောနေ့၌၊
2
စာရင်းဝင်သောသူတို့ကို အုပ်၍ ဣသရေလ အမျိုးအနွယ်အသီးသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေ အမျိုးသူကြီးမင်းတို့သည်၊
3
မင်းတပါးနွားထီးတ ကောင်စီ၊ မင်းနှစ်ပါးအမိုး ပါသော ရထားတခုစီ၊ ရထားခြောက်ခု၊ နွားဆယ် နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ၏။
4
ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ၏။
5
ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ၏။
6
မောရှေသည်ရထားနှင့် နွားတို့ကိုခံယူ၍ လေဝိသားတို့အား ပေးသဖြင့်
7
အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရော ဟိတ် အာရုန်၏သား ဣသမာအုပ်သော ဂေရရှုန်သားတို့ အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို၎င်း၊
8
မေရာရိသားတို့အား ရထားလေးခုနှင့် နွားရှစ် ကောင်တို့ကို၎င်း ပေးလေ၏။
9
သန်ရှင်းရာဌာနတော်မူကို စောင့်ရသော ကော ဟတ်သားတို့သည် မိမိတို့ ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အား ရထားနှင့် နွားတို့ကိုမပေး။
10
ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာ ပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသော ပူဇော်သက္ကာကို ပြုကြ၏။
11
ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနု မောဒနာပြုစရာဘို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိ ပူဇော်သက္ကာကိုပြုရကြမည်ဟု မောရှေအား မိန့်တော် မူ၏။
12
ထိုသို့နှင့်အညီ၊ ပဌမနေ့၌ ယုဒအမျိုး၊ အမိနဒပ် သားနာရှန်သည် ဆက်သော ပူဇော်သက္ကာဟူမူကား၊
13
အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊
14
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
15
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
16
အပြစ်ဖြေရာယဇ်ဘို့ဆိတ်သငယ်တကောင်၊
17
မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို အမိနဒပ်သား နာရှုန်သည် ပူဇော်လေ ၏။
18
ဒုတိယနေ့၌ ဣသခါအမျိုးတွင် မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သက္ကာဟူ မူကား၊
19
အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
20
မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း
21
မီးရှို့ရာ ယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
22
အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်၊
23
မိဿဟာယ ယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ ၏။
24
တတိယနေ့၌ ဇာဗုလုန် အမျိုးတွင် မင်းဖြစ် သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သက္ကာ ဟူမူကား၊
25
အကျပ်တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
26
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း -
27
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
28
အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
29
မိဿဟာယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင် တို့ကို ဟေလုန်သား ဧလျာဘသည်ပူဇော်လေ၏။
30
စတုတ္ထနေ့၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒု ရသား ဧလိဇုရဆက်သော ပူဇော်သက္ကာဟူမူကား၊
31
အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
32
မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
33
မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
Settings

Reading Style

Typeface

Font Size 19px

Options