Skip to content
တောလည်ရာကျမ်း 11:4-15

အသားတောင်းခြင်းနှင့် မောရှေ၏ စိတ်ပျက်ခြင်း

တောလည်ရာကျမ်း 11:4-15
4
ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက် ပါသော တပါးအမျိုးသားတို့သည် တောင့်တသော စိတ်စွဲ လမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။
5
အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသော ငါးသား၊ သခွါးသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။
6
ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ။ ဤမန္နမှတပါး တစုံတခုကိုမျှ မမြင်ရဟုဆိုကြ၏။
7
မန္နသည် နံနံစေ့နှင့်တူ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ်၏။
8
လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့် ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။ အရသာသည် မုန့်ဆီကြော် အရသာနှင့်တူ၏။
9
စားခန်းချရာအရပ်၌ ညဉ့်အခါနှင်းနှင့်အတူ မနက်ကျတတ်၏။
10
ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါး ဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာ အမျက် ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊
11
ဤလူအပေါင်းတို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာ တင်၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌ မျက်နှာမရဘဲ နေရပါသနည်း။
12
သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသော ပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကို ပိုက်ချီလျက်ဆောင်လော့ဟု အကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင်ပါသလော။ ဘွားမြင်ပါသလော။
13
ဤလူအပေါင်းတို့အား ကျွေးစရာဘို့ အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့ စားစရာဘို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။
14
ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာ မဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသော ဝန်လည်း လေးလွန်းပါ၏။
15
ထိုသို့အကျွန်ုပ်၌ ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကိုအလျင်အမြန် သေစေတော် မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအား လျှောက်ဆို၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options