Skip to content
ရှင်မဿဲခရစ်ဝင် 11:1-10

ရှင်မဿဲခရစ်ဝင် 11:1-10

1
ထိုသို့ တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို အကုန်အစင်မှာထားတော်မူပြီးလျှင်၊ မြို့ရွာများတို့၌ ဆုံးမ ဩဝါဒပေးခြင်းငှါ၎င်း၊ သိတင်းကြားပြောခြင်းငှါ၎င်း၊ ထိုအရပ်မှ ကြွတော်မူ၏။
2
ခရစ်တော်ပြုတော်မူသောအမှုတို့ကို ယောဟန်သည်ထောင်ထဲမှာကြားသောအခါ၊ မိမိတပည့်နှစ် ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူမှန်သလော။
3
သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။
4
ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြ လော့။
5
မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာ စွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူ တို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရ ကြ၏။
6
ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။
7
ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသနည်း။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော။
8
သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါသွားသလော။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။
9
ပရောဖက်ကို ကြည့်ရှုခြင်းငှါသွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ် သည်ဟု ငါဆို၏။
10
ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကိုသင့်ရှေ့၌ ငါ စေလွှတ်၏ဟု ဆိုရာ၌ ထိုသူကိုဆိုလိုသတည်း။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options