Skip to content
တရားသူကြီးမှတ်စာ 18:23-31

တရားသူကြီးမှတ်စာ 18:23-31

23
ကြွေးကြော်သောအခါ၊ ဒန်အမျိုးသားတို့သည် လှည့်ကြည့်လျက် သင်သည် အဘယ်အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခာအားမေးသော်၊-
24
မိက္ခာက၊ သင်တို့သည် ငါလုပ်သော ဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား။ ထိုအရာမှတပါး ငါ၌ အဘယ်အရာရှိသနည်း။ သို့သော်လည်း သင်တို့က၊ အဘယ်အခင်း ရှိသနည်း ဟု ငါ့ကို မေးကြသည်တကားဟု ဆိုသော်၊-
25
ဒန်အမျိုးသားတို့က၊ ငါတို့တွင် သင့်စကားကို မကြားပါစေနှင့်။ သို့မဟုတ် စိတ်ဆိုးသော သူတို့သည် သင့်ကို တိုက်၍ သင့်အသက်နှင့်သင့်အိမ်သားတို့ အသက်ဆုံးကောင်းဆုံးလိမ့်မည်ဟု ဆိုလျက် ခရီးသွားကြ၏။
26
မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ၍ မိမိအိမ်သို့ ပြန်သွားလေ၏။
27
ဒန်အမျိုးသားတို့သည်၊ မိက္ခာလုပ်သော အရာတို့နှင့် သူ၌နေသော ယဇ်ပုရောဟိတ်ကို ယူသွား၍၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ ရောက်သဖြင့် ထားနှင့်လုပ်ကြံ၍ မြို့ကို မီးရှို့ ကြ၏။
28
ဇိဒုန်မြို့နှင့်ဝေးသောကြောင့်၎င်း၊ အဘယ်သူနှင့်မျှ အမှုမဆိုင်သောကြောင့်၎င်း၊ ကယ်နှုတ်သော သူမရှိ။ ထိုမြို့သည် ဗက်ရဟောဘမြို့အနားမှာရှိသော ချိုင့်၌ တည်၏။ ထိုအရပ်၌ မြို့သစ်ကိုတည်၍ နေကြ၏။
29
ထိုမြို့ကို သူတို့အမျိုး၏ အဘဣသရေလ၏ သားဒန်အမည်ကို မှီသဖြင့် ဒန်မြို့ဟူ၍ တွင်ကြ၏။ ထိုမြို့ အမည်ဟောင်းကား လဲရှတည်း။
30
ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင်၍ မနာရှေသား ဂေရရှုံ၏သား ယောနသန်နှင့် သူ၏သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည့်နေ့တိုင်အောင် ဒန်အမျိုး၌ ယဇ်ပုရောဟိတ် လုပ်ကြ၏။
31
ဘုရားသခင်၏ အိမ်တော်သည် ရှိလောမြို့၌ ရှိသည်ကာလပတ်လုံး၊ မိက္ခာသွန်းသော ရုပ်တုကိုလည်း တည်ထောင်ကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options