ယောရှုမှတ်စာ 20:1-6
1
တဖန် ထာဝရဘုရားသည် ယောရှုကို ခေါ် တော်မူ၍၊
2
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် မောရှေအားဖြင့် မှာထားသည် အတိုင်း၊
3
လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ် တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေး ထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
4
ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါး ဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြား ပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။
5
သေစားသေစေသောသူသည် လိုက်လာလျှင်၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ။ အကြောင်းမူ ကား၊ ထိုသူသည် မိမိအဘော်ကို အငြိုးမထားဘဲ အမှတ် တမဲ့သတ်မိ၏။
6
ထိုသူသည် ပရိသတ်ရှေ့သို့ရောက်၍ တရား စီရင်ခြင်းကို မခံမှီသော်၎င်း၊ ထိုကာလ ယဇ်ပုရောဟိတ် မင်း မသေမှီသော်၎င်း ထိုမြို့၌နေရမည်။ ထိုနောက်မှ ပြန်လာ၍ အထက်ပြေးရသောမြို့၊ မိမိနေရင်းအိမ်၌ နေရသောအခွင့် ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊
Settings