Skip to content
ယောဘဝတ္ထု 24:18-24

ယောဘဝတ္ထု 24:18-24

18
ရေပေါ်မှာပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။
19
မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ် ၏။
20
သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
21
မတရားသောသူသည် သားမဘွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမကိုလည်း ကျေးဇူး မပြုတတ်။
22
အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။
23
သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏ အမှုများကို ပမာဏပြုတော် မူ၏။
24
ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချခြင်းသို့ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options