Skip to content
ယေရမိအနာဂတ္တိကျမ်း 40:7-12

ယေရမိအနာဂတ္တိကျမ်း 40:7-12

7
ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသား ဂေဒလိ ကိုပြည်အုပ်အရာ၌ ခန့်ထား၍၊ ဗာဗုလုန်မြို့သို့ သိမ်းယူ ရာ၌မပါသော ယောက်ျားမိန်းမသူငယ်ဆင်းရဲသားအချို့ တို့ကို သူ၌အပ်ကြောင်းကို၊ တောမှာရှိသော တပ်မှူးတို့ နှင့်စစ်သူရဲများတို့သည် ကြားသိကြသောအခါ၊
8
နာသနိသားဣရှမေလ၊ ကာရာသားယောဟနန် နှင့်ယောနသန်၊ တာနုမက်သားစရာယ၊ နေတောဖတ် အမျိုး၊ ဧဖဲ၏သားများ၊ မာခသိအမျိုး သားယေဇနိတို့ သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊
9
ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိက၊ ခါလဒဲမင်း၏အမှုကို ဆောင်ရွက်ရမည် အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌နေ၍ ဗာဗုလုန် ရှင်ဘုရင်အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင်၊ ချမ်းသာရကြလိမ့်မည်။
10
ငါမူကား၊ လာလတံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှါ မိဇပါမြို့မှာနေမည်။ သင်တို့မူကား၊ စပျစ်ရည်ကို၎င်း၊ နွေကာလအသီးကို၎င်း၊ ဆီကို၎င်း သိမ်း၍အိုး၌သိုထားကြလော့။ ယခု ဝင်ပြန်သောမြို့ရွာ တို့၌နေကြလော့ဟူ၍၊ ထိုသူတို့အား သစ္စာပြုလေ၏။
11
ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်၌ လူအချို့တို့ ကို ကျန်ကြွင်းစေ၍၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏ သား ဂေဒလိကိုမင်းအရာ၌ ခန့်ထားကြောင်းကို၊ မောဘ ပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ၊
12
နှင်ထုတ်ရာပြည်အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်။ ဂေဒလိရှိရာမိဇပါမြို့သို့ရောက်သဖြင့်၊ များစွာ သော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options