Skip to content
ဟေရှာယအနာဂတ္တိကျမ်း 63:7-14

ဘုရားသခင်၏ ကရုဏာတော်ကို သမိုင်းကြောင်းပြန်လည်သုံးသပ်ခြင်း

ဟေရှာယအနာဂတ္တိကျမ်း 63:7-14
7
ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသော အရာအလုံး စုံကို၎င်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကို၎င်း ထောက်၍၊ ထာဝရဘုရား၏ မဟာမေတ္တာတော်နှင့်၊ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။
8
အကယ်စင်စစ် သူတို့သည် ငါ၏လူဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ၏ဟု မိန့်တော်မူ သဖြင့်၊ သူတို့ကို ကယ်နှုတ်တော်မူ၏။
9
အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော်ရှိသည်အတိုင်းရွေးနှုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။
10
သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန် ဘက်ပြု၍ စစ်တိုက်တော်မူ၏။
11
ထိုအခါ ထာဝရဘုရား၏ လူတို့သည် ရှေးကာလ၊ မောရှေ၏ကာလကို အောက်မေ့ကြ၏။ မိမိလူတို့ ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိလူတို့အထဲ ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက်၊
12
မောရှေ၏လက်ျာနားမှာ ဘုန်းကြီးသော လက်ရုံးတော်ကို သွင်း၍၊ အသရေတော်ကို အစဉ် ထင်ရှားစေခြင်းငှါ၊ သူတို့ရှေ့မှာ ရေကို ခွဲသဖြင့်၊
13
လွင်ပြင်၌ မြင်းကို နှင်သကဲ့သို့၊ အဆီးအတား မရှိဘဲ နက်နဲရာအရပ်၌ သူတို့ကို ဆောင်သွားသော ဘုရား သည် အဘယ်မှာ ရှိတော်မူသနည်း။
14
ချိုင့်ထဲသို့သိုးနွား ဆင်းသွားသကဲ့သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသို့ အသရေတော်ကို ထင်ရှားစေခြင်းငှါ၊ ကိုယ်တော်၏လူတို့ကို ဆောင်သွားတော်မူပါပြီ။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options