Skip to content
ဟေရှာယအနာဂတ္တိကျမ်း 49:14-24

ဟေရှာယအနာဂတ္တိကျမ်း 49:14-24

14
ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကို စွန့် ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကို မေ့လျော့တော်မူပြီဟု ဆိုလေသော်၊
15
မိန်းမသည် မိမိဘွားသော သားကို မသနား သည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။
16
ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏ မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ၏။
17
သင်၏သားသမီးတို့သည် အလျင်အမြန်ပြုကြ လိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံ မှ ထွက်သွားကြလိမ့်မည်။
18
အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူအပေါင်း တို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက် ရှင်သည်ဖြစ်၍၊ သင် သည် တင့်တယ်သော အဝတ်ကို ဝတ်သကဲ့သို့၊ ဤသူ အပေါင်းတို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင် သတို့သမီး ပြုသည် နည်းတူတန်ဆာဆင်လိမ့်မည်။
19
သင်၌ သုတ်သင်ပယ်ရှင်းသော အရပ်၊ ပျက်စီး သော ပြည်သည် နေသူများသောကြောင့် ကျဉ်းကြလိမ့် မည်။ သင့်ကို ကိုက်စားသော သူတို့သည်လည်း ဝေးကြ လိမ့်မည်။
20
သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန်သော သားတို့က၊ နေရာမလောက်ပါ။ နေစရာ အရပ်ကို ပေးပါ ဟု သင့်အား တောင်းကြလေဦးမည်။
21
သင်ကလည်း၊ ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ဘွားစေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံ လျက်နေရသောသူ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့်၊ အဝေးသို့ လည်ရသောသူဖြစ်၍၊ ဤသူတို့ကို အဘယ်သူ မွေးစား သနည်း။ ငါသည် တယောက်တည်း နေရသည်ဖြစ်၍၊ ဤသူတို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည်။
22
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေ သော လူမျိုးတို့အား လက်ကို ချီ၍ အလံကို ထူသဖြင့်၊ သူတို့သည် သင်၏သားသမီးတို့ကို လက်နှင့် ပွေ့လျက်၊ ပခုံးပေါ်မှာ ထမ်းလျက်ဆောင်ခဲ့ကြလိမ့်မည်။
23
ရှင်ဘုရင်တို့သည် သင်၏ ဘထွေး၊ မိဖုရားတို့ သည် သင့်ကို မွေးစားသော အမိဖြစ်ကြလိမ့်မည်။ သင့် ရှေ့မှာ ဦးညွှတ်ပြပ်ဝပ်၍၊ သင်၏ခြေ၌ မြေမှုန့်ကို လျက် ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၎င်း၊ ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းမရှိ ကြောင်းကို၎င်း သင်သိလိမ့်မည်။
24
လုယူရာဥစ္စာကို အားကြီးသော သူ၏ လက်မှ ယူရမည်လော။ တရားသော သူသိမ်းသွားသော လူတို့ကို နှုတ်ရမည်လော။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options