ဟောရှေအနာဂတ္တိကျမ်း 4:10-12
10
သူတို့သည် စား၍မဝရကြ။ မတရားသော မေထုန်ကိုပြု၍ သားသမီးကို မဘွားမြင်ရကြ။
11
အကြောင်းမူကား စိတ်နှလုံးကို ယစ်မူး၊ စေတတ် သော ကာမဂုဏ်၌ ပျောမွေ့ခြင်း၊ စပျစ်ရည်နှင့် သေရည် သေရက်ကို သောက်ခြင်း၌ မှီဝှဲသောကြောင့် ထာဝရ ဘုရားကို စွန့်ပစ်ကြပြီ။
12
ငါ့လူတို့သည် သစ်သားနှင့် တိုင်ပင်တတ်ကြ၏။ သူတို့၏တောင်ဝေးသည် အကြံပေးတတ်၏။ ကိလေသာ စိတ်အားကြီးသောကြောင့်၊ သူတို့သည် လမ်းလွှဲ၍ မိမိတို့ ဘုရားသခင့်ထံမှာ မနေ၊ မှားယွင်းတတ်ကြ၏။
Settings