Skip to content
ဟောရှေအနာဂတ္တိကျမ်း 4:15-19

ယုဒအတွက် သတိပေးချက်

ဟောရှေအနာဂတ္တိကျမ်း 4:15-19
15
အိုဣသရေလအမျိုး၊ ဥင်သည် ပြည်တန်ဆာလုပ်သော်လည်း၊ ယုဒ အမျိုးကို မမှားယွင်းပါစေနှင့်။ ဂီလဂါလမြို့သို့ မချဉ်းကပ် ကြနှင့်။ ဗေသဝင်မြို့သို့ မသွားကြနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်းဟူ၍ မကျိန်ဆိုကြနှင့်။
16
ဣသရေလ အမျိုးသည် ရုန်းတတ်သော နွားမပျိုကဲ့သို့ဆန့်ကျင်ဘက်ပြုတတ်၏။ ယခုမှာထာဝရဘုရား သည် ကျယ်သောအရပ်၌ သိုးသငယ်ကိုထိန်းသကဲ့သို့၊ ဣသရေလ အမျိုးကို ပြုတော်မူမည်။
17
ဧဖရိမ်သည်ရုပ်တုတို့၌စွဲကပ်လျက်ရှိ၏။ သူ့ကိုတတ်တိုင်းရှိစေလော့။
18
သူတို့စားသောက်ပွဲခံချိန်လွန်ပြီ။ မင်းလုပ်သောသူတို့သည် အထပ်ထပ်မတရားသော မေထုန်ကိုပြုကြပြီ။ ရှက်ဘွယ်သောအမှုကိုတပ်မက်ကြပြီ။
19
လေသည် မိမိ အတောင်တို့နှင့်တိုက်၍ ပါသွားမည်။ သူတို့သည် မိမိတို့ ပူဇော်သောယဇ်များကြောင့် ရှက်ကြလိမ့်မည်။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options