အကြောင်းအရာသို့ ကျော်သွားရန်
ဟောရှေအနာဂတ္တိကျမ်း 14:9

နောက်ဆုံးဉာဏ်ပညာစကား

ဟောရှေအနာဂတ္တိကျမ်း 14:9
အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 9 ကို ပြသနေသည်။
6
အညွှန့်တို့သည် ပြန့်ပွါး၍၊ သံလွင်ပင်ကဲ့သို့ အသရေတင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။
7
ထိုအပင်၏ အရိပ်အောက်၌နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ၍ စပါးကိုပြုစုကြလိမ့်မည်။ စပျစ်နွယ်ပင်ကဲ့သို့ တိုးပွါး၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည်။
8
ငါသည် နောက်တဖန် ရုပ်တုဆင်းတုတို့နှင့် အဘယ်သို့ဆိုင်ရသနည်းဟု ဧဖရိမ်သည် ပြောလိမ့်မည်။သူ၏စကားကိုလည်း ငါနားထောင်၍ သူ့ကိုကြည့်ရှုမည်။ စိမ်းသောထင်းရှုးပင်ကဲ့သို့ဖြစ်၍၊ သင်သည် ငါ့ကျေးဇူးကြောင့် အသီးနှင့်ပြည့်စုံလိမ့်မည်။
9
အဘယ်သူသည်ပညာရှိသနည်း။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည်။ အဘယ်သူသည် ဉာဏ်ကောင်းသနည်း။ ထိုသူသည် ဤအရာတို့ကို သိရလိမ့်မည်။ အဘယ်သူသည် ဖြောင့်ကြ၏။ ဖြောင့်မတ် သော သူတို့သည် လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ထိုလမ်းတို့၌ ထိမိ၍ လဲကြလိမ့်မည်။ ပရောဖက်ဟောရှေစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options