ကမ္ဘာဦးကျမ်း 21:27-32
27
အာဗြဟံသည်လည်း သိုး၊ နွားတို့ကို ယူပြီးလျှင်၊ အဘိမလက်အား ပေး၍ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ ၏။
28
အာဗြဟံသည်လည်းသိုးသငယ်မ ခုနစ်ကောင် တို့ကို သိုးစုနှင့်ခွဲထားလေ၏။
29
အဘိမလက်ကလည်း၊ ခွဲထားသော ဤသိုး သငယ်မခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်းဟု မေးသော်၊
30
အာဗြဟံက၊ ဤရေတွင်းကို ငါတူးပြီးဟု ဤသိုး သငယ်မခုနစ်ကောင်တို့သည် ငါ့ဘက်၌ သက်သေဖြစ်မည် အကြောင်းသူတို့ကို သင်သည်ငါ့လက်မှ ခံယူရမည်ဟု ဆိုလေ၏။
31
သို့ဖြစ်၍ထိုအရပ်၌ ထိုနှစ်ပါးတို့သည် ကျိန်ဆို သောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟု တွင်ကြ၏။
32
ထိုသို့ဗေရရှေဘအရပ်၌ ပဋိညာဉ်တို့သည်ထ၍ ဖိလိတ္တပြည်သို့ ပြန်ကြ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်