Skip to content
ဧဇရမှတ်စာ 8:31-34

ဧဇရမှတ်စာ 8:31-34

31
ပဌမလတဆယ်နှစ်ရက်နေ့တွင်၊ ငါတို့သည် အဟာငမြစ်မှ ထွက်၍၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ၏။ လမ်းနား၌ ချောင်း၍နေသော ရန်သူလက်မှ၊ ငါတို့၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက်၊
32
ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေကြ၏။
33
စတုတ္ထနေ့တွင် ငါတို့ ဘုရားသခင်၏ အိမ်တော်၌၊ ဖိနဟတ်သားဧလာဇာနှင့် လေဝိအမျိုးယောရှုသား ယောဇ ဗဒ်၊ ဗိနွိသားနောဒိတို့သည် ဝိုင်း၍ကြည့်ရှုလျက်၊
34
ဥရိသား ယဇ်ပုရောဟိတ် မေရမုတ်သည် ထိုရွှေငွေတန်ဆာရှိသမျှတို့ကို ရေတွက်ချိန်တွယ်၍ တနေ့ခြင်း တွင် အချိန်ပေါင်းကို မှတ်သားလေ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်