Skip to content
ယေဇကျေလအနာဂတ္တိကျမ်း 44:17-27

ယဇ်ပုရောဟိတ်တို့၏ အကျင့်အတွက် စည်းမျဉ်းများ

ယေဇကျေလအနာဂတ္တိကျမ်း 44:17-27
17
သူတို့သည် အတွင်းတန်တိုင်းတံခါး အတွင်းသို့ ဝင်သောအခါ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည်။ အတွင်း တန်တိုင်းတံခါးအတွင်း၌ အမှုတော်ကိုဆောင်ရွက်စဉ်၊ သိုးမွေးအဝတ်ကို မဝတ်ရကြ။
18
ခေါင်းပေါ်မှာ ပိတ်ဦးထုပ်ကို ဆောင်း၍၊ ခါး၌ ပိတ်ပေါင်းဘီကိုဝတ်ရကြမည်။ ချွေးထွက်စေသော အဝတ်ကို မဝတ်ရကြ။
19
လူများရှိရာ ပြင်တန်တိုင်းသို့ ထွက်သွားသော အခါ၊ အမှုတော်ကို ဆောင်စဉ်တွင် ဝတ်သောအဝတ်ကို ချွတ်၍၊ သန့်ရှင်းသောအခန်းတို့၌ ထားပြီးလျှင်၊ အခြား သောအဝတ်ကိုဝတ်ရကြမည်။ အရင်အဝတ်ကိုဝတ်လျက် လူများတို့ကို မသန့်ရှင်းစေရကြ။
20
မိမိတို့ဆံပင်ကိုလည်း မရိတ်ရ၊ မရှည်စေခြင်းငှါ ဖြတ်ရမည်။
21
ယဇ်ပုရောဟိတ်သည် အတွင်းတန်တိုင်းထဲသို့ ဝင်သောအခါ စပျစ်ရည်ကိုမသောက်ရ။
22
မုတ်ဆိုးမနှင့် မစုံဘက်ရ။ လင်ကွာသောမိန်းမ နှင့် မစုံဘက်ရ။ ဣသရေလအမျိုး အပျိုကညာနှင့် သော်၎င်း၊ ယဇ်ပုရောဟိတ်၏မယားဖြစ်ဘူးသော မုတ်ဆိုးမ နှင့်သော်၎င်း စုံဘက်ရမည်။
23
ငါ၏လူတို့သည် သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာတို့ကို၎င်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ် သောအရာတို့ကို၎င်း ပိုင်းခြား၍သိစေခြင်းငှါ သွန်သင် ရကြမည်။
24
တရားတွေ့မှုကိုစီရင်လျှင်၊ ငါ၏ဓမ္မသတ် အတိုင်း စီရင်ရကြမည်။ ငါ၏ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင်၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ ငါ၏ဥပုသ်နေ့တို့ကို၎င်း စောင့်ရှောက်ရကြမည်။
25
အသေကောင်ကိုချဉ်း၍ ကိုယ်ကို မညစ်ညူး စေရ။ သို့ရာတွင်၊ ကိုယ်မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မနေသောနှမအတွက် ကိုယ်ကို ညစ်ညူးစေရသော အခွင့်ရှိ၏။
26
သန့်ရှင်းခြင်းကိုပြုပြီးမှ ခုနစ်ရက်နေရမည်။
27
သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှါ အတွင်းတန်တိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options