ယေဇကျေလအနာဂတ္တိကျမ်း 34:11-24
11
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။
12
ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကိုကြိုးစား၍ ရှာမည်။ မိုဃ်းအုံ၍မိုက်သော နေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင် မည်။
13
အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ နေရင်းပြည်သို့ ပို့ဆောင်မည်။ ဣသ ရေလတောင်တို့အပေါ်၊ မြစ်တို့အနား အစရှိသော နေစရာ အရပ်ရပ်တို့၌ ကျွေးမွေးမည်။
14
ကောင်းသောကျက်စားရာအရပ်၌ ကျွေးမွေး မည်။ မြင့်သော ဣသရေလတောင်တို့အပေါ်မှာ သူတို့ ခြံရှိလိမ့်မည်။ သူတို့သည်ဣသရေလတောင်တို့အပေါ်မှာ ကောင်းသောခြံ၌အိပ်၍၊ ကြွယ်ဝသောကျက်စားရာ၌ ကျက်စားကြလိမ့်မည်။
15
ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာ ကိုလည်း ငါပေးမည်။
16
ပျောက်သောသိုးကို ငါရှာမည်။ သူတပါးနှင် သော သိုးကိုလိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကိုအဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကိုမစ မည်။ ဆူဖြိုး၍အားရှိသောသိုးကိုကား၊ တရားအတိုင်း ကျွေးမွေး၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
17
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့သိုးတို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို၎င်း၊ သိုးထီးနှင့် ဆိတ်ထီးတို့ကို၎င်း ငါပိုင်းခြားမည်။
18
သင်တို့သည် ကောင်းသောကျက်စားရာအရပ်၌ စားသည်သာမက၊ ကျန်သော မြက်ပင်ကိုနင်းသော အမှုသည်သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။ ကြည်သော ရေကို သောက်သည်သာမက၊ ကျန်သော ရေကိုခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော။
19
သင်တို့နင်းသောမြက်ပင်ကို၎င်း၊ ခြေနှင့်နောက် စေသော ရေကို၎င်း၊ ငါ့သိုးတို့သည် စားသောက်ရကြ မည်လော။
20
သို့ဖြစ်၍၊ ထိုသူတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည်။
21
သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြားစေခြင်းငှါ နံပါးနှင့်၎င်း၊ ပခုံးနှင့်၎င်း တိုး၍ ချိုနှင့်ခွေ့သောကြောင့်၊
22
ငါသည် ငါ့သိုးတို့ကို ကယ်တင်သဖြင့်၊ သူတို့ သည် နောက်တဖန် လုယူရာမဖြစ်ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည်။
23
သိုးထိန်းတဦးကိုလည်း ငါခန့်ထား၍ သူသည် ကျွေးမွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး၍ သိုးထိန်းလုပ်ရလိမ့်မည်။
24
ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင် ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်ရ လိမ့်မည်။ ငါထာဝရဘုရားပြောပြီ။
Settings