ထွက်မြောက်ရာကျမ်း 14:13-15
13
မောရှေကလည်း မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသည်၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို၊ နောက်တဖန် အလျှင်းမမြင်ရကြ။
14
သင်တို့ဘက်၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အား ဆို၏။
15
ထာဝရဘုရားကလည်း၊ အဘယ်ကြောင့် ငါ့ကို အော်ဟစ်သနည်း။ ဣသရေလအမျိုးသားတို့သည် တက်သွားစေခြင်းငှာ မှာလိုက်လော့။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings