Skip to content
ထွက်မြောက်ရာကျမ်း 10:7-11

ထွက်မြောက်ရာကျမ်း 10:7-11

7
ဖာရောဘုရင်၏ ကျွန်တို့ကလည်း၊ ဤလူသည် ငါတို့ကို အဘယ်မျှ ကာလပတ်လုံး နှောင့်ရှက်ပါလိမ့် မည်နည်း။ ထိုသူတို့သည် သူတို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟု လျှောက်ကြလျှင်၊
8
မောရှေနှင့် အာရုန်ကို တဖန် ဖာရောဘုရင်ထံသို့ သွင်းပြန်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့။ သို့ရာတွင် သွားရသောသူတို့သည် အဘယ်သူနည်းဟု မေးလျှင်၊
9
မောရှေက၊ အကျွန်ုပ်တို့သည် သူငယ်၊ သူအို၊ သားသမီး၊ သိုး၊ နွားပါလျက် သွားပါမည်။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ ပွဲခံရပါမည်ဟု ပြန်ဆိုလေသော်၊
10
ဖာရောမင်းက၊ သင်တို့နှင့် သူငယ်များကို ငါလွှတ်သည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့၌ ရှိစေသော။ သတိပြု၊ မကောင်းသောအကြံကို ကြံကြသည်တကား။
11
ထိုသို့ မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအား ဝတ်ပြုကြသည်ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို အထံတော်မှ နှင်ကြလေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options