Skip to content
ဧသတာဝတ္ထု 1:4-8

ဧသတာဝတ္ထု 1:4-8

4
ထိုအခါနိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော် တော်ကို အရက်တရာရှစ်ဆယ်ပတ်လုံး ပြတော်မူ၏။
5
ထိုကာလလွန်ပြီးမှ၊ ရှင်ဘုရင်သည် ရှုရှန် နန်းတော်၌ စည်းဝေးသောသူ အကြီးအငယ်အပေါင်းတို့ အဘို့ နန်းတော်အနားဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက် ပတ်လုံးပွဲခံတော်မူ၏။
6
ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့၌ မောင်း သော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလား အဖြူ အစိမ်းအပြာတို့နှင့်၎င်း၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့အပေါ်မှာ ထားသော ရွှေငွေ အနေအထိုင်တို့နှင့်၎င်း ဥယျာဉ်တော်သည် ပြည့်စုံ၏။
7
ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ ၏။
8
စပျစ်ရည် သောက်ခြင်းအမှုသည် တရား အတိုင်း ဖြစ်၏။ အဘယ်သူကိုမျှ အနိုင်မသောက်စေ၊ လူအပေါင်းတို့သည် ကိုယ်အလို အလျောက်ပြုကြမည် အကြောင်း၊ နန်းတော်အရာရှိအပေါင်းတို့ကို ရှင်ဘုရင် မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options