Skip to content
တရားဟောရာကျမ်း 33:20-29

တရားဟောရာကျမ်း 33:20-29

20
ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေ သောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုး သည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့ တတ်၏။
21
ရှေ့ဦးစွာသောအဘို့ကို မိမိအဘို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏ အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏ တရား မှု၊ ဣသရေလအမျိုး၌ စီရင်တော်မူချက်တို့ကို ပြုလေ၏။
22
ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ် ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။
23
နဿလိအမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေး ဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာနှင့် ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကို ဝင်စားလော့။
24
အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သား သမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏ စိတ် နှင့်တွေ့ခြင်း၊ မိမိခြေကို ဆီ၌နှစ်ခြင်း ရှိပါစေသော။
25
သင်၏တံခါးကန့်လန့်ကျင်တို့သည် သံနှင့်ကြေး ဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည် အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည်။
26
သင့်ကို ပြုစုစေခြင်းငှါ ဘုန်းအာနုဘော်နှင့် ပြည့်စုံ လျက်၊ မိုဃ်းကောင်းကင်ကို စီးတော်မူသော ယေရှုရုန် အမျိုး၏ ဘုရားသခင်နှင့် တူသောသူမရှိ။
27
ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာ ဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်မ တော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ်၍ သူတို့ကို ဖျက်ဆီးသောအခွင့် ပေးတော်မူမည်။
28
ဣသရေလအမျိုးသည် ဘေးလွတ်၍ တမျိုး တည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ် ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုဃ်းနှင်းရည် လည်း စက်စက်ကျလိမ့်မည်။
29
အိုဣသရေလအမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရား ကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အ ဘယ်သူတူသနည်း။ ထိုဘုရားသည် သင့်ကို ကွယ်ကာ သော ဒိုင်းလွှား၊ သင့်ကို ချီးမြှောက်သော ထားလက်နက် ဖြစ်တော်မူ၏။ သင်၏ ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏ မြင့်မြတ်သောအရပ်တို့၌ နင်းရလိမ့် မည်ဟု မြွက်ဆို၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options