Skip to content
ဓမ္မရာဇဝင်ဒုတိယစောင် 23:9-12

ဓမ္မရာဇဝင်ဒုတိယစောင် 23:9-12

9
သူနောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံး ယောက်အဝင်ဖြစ်၏။ စစ်တိုက်ခြင်းငှါ စုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ် သွားသောအခါ၊
10
ထိုသူသည် လက်ညောင်း၍ထား၌မှီလျက်နေရ သည်တိုင်အောင် ထ၍ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ကြီးစွာသော အောင်မြင်ခြင်း ကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူခြင်းငှါသာ ပြန်လာကြ၏။
11
သူ့နောက်မှာ ဟရရိအမျိုးအာဂိ၏သားရှမ္မ သည်ရှိ၏။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက်၌ စုဝေး၍၊ ဣသရေလလူတို့သည် ပြေးကြ သောအခါ၊
12
ထိုသူသည် လယ်ကွက်အလယ်၌ရပ်၍ စောင့်မ လျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ကြီးစွာသော အောင်ခြင်းကို ပြုတော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options