Skip to content
ဓမ္မရာဇဝင်စတုတ္ထစောင် 16:17-20

ဗိမာန်တော်ညစ်ညူးခြင်းနှင့် အာခတ်သေဆုံးခြင်း

ဓမ္မရာဇဝင်စတုတ္ထစောင် 16:17-20
17
အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ်၍ အင်တုံကို လည်းရွေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်ကချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။
18
ဗိမာန်တော်၌ ဥပုသ်စောင့်စရာဘို့ ဆောက် သောမဏ္ဍပ်ကို၎င်း၊ ရှင်ဘုရင်တက်ရာစောင်းတန်းကို၎င်း၊ အာရှုရိရှင်ဘုရင်ကြောင့် ပယ်၏။
19
အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
20
အာခတ်သည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့ နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော် ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options