Skip to content
ကောရိန္သုဩဝါဒစာဒုတိယစောင် 5:11-15

ကောရိန္သုဩဝါဒစာဒုတိယစောင် 5:11-15

11
သို့ဖြစ်၍ သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိလျှင်၊ လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ်၍၊ ဘုရားသခင်ရှေ့တော်၌ ထင်ရှားကြ၏။ သင်တို့၏စိတ်ရှေ့၌ လည်းထင်ရှားကြသည်ဟု ငါထင်မှတ်၏။
12
ငါတို့သည်သင်တို့ရှေ့၌ တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြသည်မဟုတ်။ စိတ်သဘောကိုမထောက်၊ အသွေးအဆင်းကိုထောက်၍ ဝါကြွားသောသူတို့၏ စကားကို သင်တို့သည် ချေနိုင်မည်အကြောင်း၊ ငါတို့ ကြောင့် ဝါကြွားခြင်းအခွင့်ကိုသာ ပေးကြ၏။
13
ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဘို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဘို့ ဖြစ်ကြ၏။
14
အကြောင်းမူကား၊ တယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊
15
လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ၍၎င်း၊ အသက်ရှင်သောသူတို့သည် တဖန်ကိုယ်အလို သို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့၏အလိုသို့လိုက်၍ ရှင်စေ မည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေ ခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည်သဘောထားလျက်၊ ခရစ်တော်၏ချစ်ခြင်း မေတ္တာတော်သည် ငါတို့ကို အနိုင် အထက်သွေးဆောင်၏။
Settings

Reading Style

Typeface

Font Size 19px

Options