Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 36:11-16

ရာဇဝင်ချုပ်ဒုတိယစောင် 36:11-16

11
ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။
12
ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ပြု၏။ ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကို မနှိမ့်ချ။
13
ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း ခိုင်မာစေ၏။
14
ထိုမှတပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။
15
ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနား သောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
16
ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲ သောကြောင့်၊ ထာဝရဘုရား၏အမျက်တော် မငြိမ်း နိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်