Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 32:14-17

ရာဇဝင်ချုပ်ဒုတိယစောင် 32:14-17

14
ငါ့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော တိုင်း နိုင်ငံတို့၏ ဘုရားတို့တွင်၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ သင်တို့၏ ဘုရားသည် သင်တို့ကိုငါ့လက်မှ အဘယ်သို့ကယ်လွှတ် မည်နည်း။
15
သို့ဖြစ်၍၊ ဟေဇကိသည် သင်တို့ကိုမလှည့်စား စေနှင့်။ ထိုသို့ မဖြားယောင်းစေနှင့်။ သူ့စကားကို မယုံကြ နှင့်။ အခြားသော တိုင်းနိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိပြည်ကိုငါ့လက်မှ၎င်း၊ ငါ့ဘိုးဘေး လက်မှ၎င်း မကယ်မလွှတ်နိုင်။ ထိုမျှမက၊ သင်တို့၏ဘုရားသည် သင်တို့ကို ငါ့လက်မှ မကယ်မလွှတ်နိုင်ဟု မှာလိုက်လေ၏။
16
သူ့ကျွန်တို့သည် ထာဝရအရှင်ဘုရားသခင် တဘက်၊ ဘုရားသခင်၏ကျွန်ဟေဇကိတဘက်၌ သာ၍ ပြောဆိုကြ၏။
17
ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရားတို့ သည်၊ မိမိလူများကို ငါ့လက်မှ မကယ်မလွှတ်နိုင်သည် နည်းတူ၊ ဟေဇကိကိုးကွယ်သော ဘုရားသည်၊ သူ၏ လူများကို ငါ့လက်မှ မကယ်မလွှတ်ရဟုဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်သော စာကို ရေး၍ ပေးလိုက်သေး၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်