Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 25:25-28

ပူးပေါင်းကြံစည်ခြင်းနှင့် သေဆုံးခြင်း

ရာဇဝင်ချုပ်ဒုတိယစောင် 25:25-28
25
ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသောနောက်၊ ယုဒရှင်ဘုရင်ယောရှသားအာ မဇိ သည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။
26
အာမဇိပြုမူသော အမှုအရာကြွင်းသမျှ အစ အဆုံးတို့သည်၊ ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
27
အာမဇိသည် ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှလွှဲသွားသောနောက်၊ သူ၏တဘက်၊ ယေရု ရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့စေလွှတ်၍ သတ်စေပြီးမှ၊
28
မြင်းပေါ်၌ တင်လျက်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ် ကြ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်