Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 2:3-10

ရာဇဝင်ချုပ်ဒုတိယစောင် 2:3-10

3
တုရုမင်းကြီးဟိရံထံသို့ စေလွှတ်၍၊ မင်းကြီး သည် ငါ့အဘဒါဝိဒ်၏ နန်းတော်ဆောက်စရာဘို့ အာရဇ် သစ်သားကိုပေးလိုက်သည်နည်းတူ ငါ၌တဖန် ကျေးဇူးပြု ပါလော့။
4
ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ၎င်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှါ၎င်း၊ ညဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ဓမ္မပွဲနေ့တို့၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်းငှါ၎င်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော် ကို တည်ဆောက်၍ ပူဇော်ရမည်။
5
ငါတည်ဆောက်ရသော အိမ်တော်သည် ကြီးရ မည်။ ငါတို့ဘုရား သခင်သည် ဘုရားတကာတို့ထက် ကြီးမြတ်တော်မူ၏။
6
ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို အဆံ့ မခံနိုင်သည်ဖြစ်၍၊ ကျိန်းဝပ်တော်မူရာ အိမ်ကိုအဘယ် သူတည်ဆောက်နိုင်မည်နည်း။ ရှေ့တော်၌ယဇ်ကို မီးရှို့ရာ အိမ်မှတပါး အခြားသော အိမ်တော်ကို တည်ဆောက်ခြင်း ငှါ ငါသည် အဘယ်သို့သောသူဖြစ်သနည်း။
7
ယခုမှာရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ မောင်းသော အထည်၊ နီသောအထည်၊ ပြာသောအထည်ကို လုပ်တတ် သောအတတ်၊ ငါ့အဘဒါဝိဒ်ပြင်ဆင်၍ ယေရုရှလင်မြို့၊ ယုဒပြည်၌ ငါ့ထံမှာရှိသော ဆရာသမားတို့နှင့် ဝိုင်း၍ ထုလုပ်တတ်သော အတတ်နှင့် ပြည့်စုံသော သူတယောက် ကို ငါ့ထံသို့ စေလွှတ်ပါ။
8
အာရဇ်သစ်သား၊ ထင်းရူးသစ်သား၊ အာလဂုံ သစ်သားများကို လေဗနုန်တောင်မှာ ခုတ်၍ပေးလိုက်ပါ။ မင်းကြီး၏ ကျွန်တို့သည် လေဗနုန်တောင်ပေါ်မှာ သစ်ခုတ်တတ်သည်ကို ငါသိ၏။
9
သစ်သားအများကို ပြင်ဆင်ခြင်းငှါ၊ ငါ့ကျွန်တို့ သည် မင်းကြီးကျွန်တို့နှင့် ဝိုင်း၍လုပ်ကိုင်ကြလိမ့်မည်။ ငါတည်ဆောက်ရသော အိမ်တော်သည် အလွန်ကြီး၍ အံ့ဩဘွယ်သော အိမ်ဖြစ်ရမည်။
10
သစ်ခုတ်သော မင်းကြီးကျွန်တို့အား ဂျုံဆန် ကောရနှစ်သောင်း၊ မုယောဆန်နှစ်သောင်း၊ စပျစ်ရည် ဗတ်နှစ်သောင်း၊ ဆီနှစ်သောင်းကို ငါပေးမည်ဟု မှာလိုက် လေ၏။
Settings

Reading Style

Typeface

Font Size 19px

Options