Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 10:16-19

ဣသရေလတို့ ခွဲထွက်ခြင်း

ရာဇဝင်ချုပ်ဒုတိယစောင် 10:16-19
16
ဣသရေလအမျိုးသား အပေါင်းတို့သည် ရှင်ဘုရင်နားမထောင်ကြောင်းကိုသိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှ၏သားနှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ အသီးသီးသွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကိုကြည့်ရှုလော့ဟု ရှင်ဘုရင်အား ပြန်ပြောလျက်၊ ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာသို့ ပြန်သွား ကြ၏။
17
သို့ရာတွင် ယုဒမြို့ရွာတို့၌ နေသော ဣသရေလ လူတို့ကို၊ ရောဗောင်သည် အုပ်စိုးရသေး၏။
18
ထိုအခါ ရောဗောင်မင်းကြီးသည်၊ အခွန်တော် ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလအမျိုးသားတို့ သည် သူ့ကိုသေအောင်ကျောက်ခဲနှင့် ပစ်ကြ၏။
19
ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန် တက်၍ယေရုရှင်မြို့သို့ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုး ကို ပုန်ကန်ကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options