Skip to content
ဓမ္မရာဇဝင်တတိယစောင် 13:14-19

ဓမ္မရာဇဝင်တတိယစောင် 13:14-19

14
ဘုရားသခင်၏ လူကိုလိုက်လေ၏။ သပိတ်ပင် အောက်မှာထိုင်လျက် ရှိသည်ကိုတွေ့လျင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏ လူမှန်သလောဟု မေးသော်၊ ငါမှန်သည်ဟု ပြန်ဆို၏။
15
ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့ လိုက်၍ မုန့်ကို စားပါလော့ဟု ခေါ်ပင့်လျှင်၊
16
ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့မဝင်ရ။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။
17
ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်။ လာသောလမ်းဖြင့်မပြန်နှင့်ဟု ငါ့အား မိန့်တော်မူကြောင်းကို ပြောဆို၏။
18
ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည်မုန့်ကိုစား၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး၍ ပြောဆို၏။
19
ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကို လည်း သောက်၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်