Skip to content
ဓမ္မရာဇဝင်တတိယစောင် 1:5-10

အဒေါနိယသည် ရာဇပလ္လင်ကို သိမ်းပိုက်ရန် ကြံစည်ခြင်း

ဓမ္မရာဇဝင်တတိယစောင် 1:5-10
5
ထိုနောက် ဟဂ္ဂိတ်သားအဒေါနိယသည် ရှင် ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက်၍ ရထားများနှင့် မြင်းများကို၎င်း၊ မိမိရှေ့၌ပြေးရသော လူငါးဆယ်ကို၎င်း၊ ပြင်ဆင်လေ၏။
6
ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တခါမျှမပြောစဖူး။ ထိုသူသည် အဆင်းလည်း အလွန်လှ၏။
7
အဗရှလုံညီ လည်း ဖြစ်၏။ သူသည်ဇေရုယာသား ယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ၏။
8
ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာ ယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣအစရှိသော ဒါဝိဒ်၏ မှူးကြီးမတ်ကြီးများမူကား၊ အဒေါနိယဘက်သို့ မဝင်ကြ။
9
အဒေါနိယသည် အင်္ရောဂေလမြို့နယ်အတွင်း၊ ဇောဟေလက်ကျောက်နားမှာ သိုး၊ နွားမှစ၍ ဆူဖြိုးသော အကောင်တို့ကို သတ်ပြီးလျှင်၊ ရှင်ဘုရင်သား မိမိညီ များနှင့်ရှင်ဘုရင်၏ ကျွန်ယုဒလူများအပေါင်းတို့ကို ခေါ်ဘိတ်လေ၏။
10
ပရောဖက်နာသန်၊ ဗေနာယ၊ မှူးကြီးမတ်ကြီးမှ စသော ညီရှောလမုန်ကိုကား မခေါ်မဘိတ်။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options