Wells အကြောင်း ကျမ်းစာအခန်းငယ်များ: Women who came to draw water
Women who came to draw water အကြောင်း အခန်းငယ်များ
အကျွန်ုပ်သည်၊ ဤရေတွင်းနားမှာ ရပ်နေ၍၊ ထိုမြို့သူသတို့ သမီးတို့သည်၊ ရေခပ်ခြင်းငှါလာကြသည် တွင်၊
အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှါ သင်ရေဘူးကို ချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလား အုပ်တို့ကိုလည်း ရေတိုက်ပါမည်ဟု၊ ပြန်ဆိုသော သမီး သည်၊ ကိုယ်တော်၏ကျွန်ဣဇာက်ဘို့ ခန့်ထားတော် မူသောသူဖြစ်ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏ သခင်၌ ကျေးဇူးပြုတော်မူကြောင်းကို၊ အကျွန်ုပ်သိရပါ မည်ဟု လျှောက်ဆို၏။
ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍၊ ယေရှုက၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။