Skip to content

Weather အကြောင်း ကျမ်းစာအခန်းငယ်များ

5 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အချမ်း သည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။

  2. မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။

  3. မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ၏။

  4. ကိုယ်တော်ကလည်း၊ သင်တို့သည် ညဦးယံ၌ပြောဆိုတတ်သည်ကား၊ ယခုမိုဃ်းတိမ်နီသည်ဖြစ်၍ မိုဃ်းကြည်လင် လိမ့်မည်ဟု ဆိုတတ်ကြ၏။

  5. နံနက်ယံ၌ကား၊ ယခုမိုဃ်းအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်းရှိ၏။ ယနေ့မိုဃ်းသက်မုန်တိုင်း လာလိမ့်မည်ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုဃ်းကောင်းကင်၏မျက်နှာကို ပိုင်းခြား၍သိ နိုင်ကြ၏။ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍မသိနိုင်ကြ။