အကြောင်းအရာသို့ ကျော်သွားရန်

Watchman အကြောင်း ကျမ်းစာအခန်းငယ်များ: On towers

11 အခန်းငယ် · 4 ရှုထောင့်

On towers အကြောင်း အခန်းငယ်များ

  1. ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှါ သွား၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း၊

  2. ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့ ရောက်၍၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူ အပေါင်းတို့သည် တယောက်မျှမလွတ်၊ မြေပေါ်မှာ လဲသော အသေကောင်ဖြစ်ကြ၏။

  3. စားပွဲကိုပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျက်နေကြပြီ။ အိုမင်းများတို့၊ ထကြ၊ လွှားကို ဆီလောင်းကြ။

  4. အကြောင်းမူကား၊ ဘုရားရှင်က၊ သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည့်အတိုင်းပြော စေ လော့ဟု ငါ့အားမိန့်တော်မူ၏။

  5. ကင်းစောင့်သည်လည်း၊နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်းတပ်တတပ်၊ မြည်းတပ်တတပ်၊ ကုလားအုပ် တပ်တတပ်ကို မြင်၍၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင် ပြီးလျှင်၊

  6. သခင်၊ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော် စင်ပေါ်မှာ အစဉ်ရပ်၍၊ တညဉ့်လုံး၌လည်း ကင်းစောင့် လျက်နေပါ၏။

  7. ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူ ရဲတပ်ကို မြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူ ကလည်း၊ ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တု ဆင်းတု ရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြ ပါသည်ဟု ထပ်၍ဆိုလေ၏။

  8. ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၊ ဣသရေလ အမျိုး၏ ဘုရား သခင်မိန့်တော်မူသည်ကို ငါကြားရသည် အတိုင်း၊ သင်တို့အား ငါဆင့်ဆိုသတည်း။

  9. ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်း။ အိုကင်း စောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်းဟု စိရ တောင် ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။

  10. ကင်းစောင့်ကလည်း၊ နံနက်သည်လာ၏။ ညဉ့် လည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်း ကြ။ ပြန်သွားကြ။ တဖန် လာကြဟု ဆိုလေ၏။

  11. ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြ လော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။