Unbelief အကြောင်း ကျမ်းစာအခန်းငယ်များ: Persecute the ministers of God
Persecute the ministers of God အကြောင်း အခန်းငယ်များ
ငါသည်ဘုရားသခင်၏ အလိုတော်အတိုင်း ဝမ်းမြောက်သော စိတ်နှင့်သင်တို့ရှိရာသို့ ရောက်၍ သင်တို့နှင့်အတူသက်သာခြင်းကို ခံစားလိုသောငှါ၊ ယုဒပြည်၌ ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အကြောင်း၊ ယေရုရှလင်မြို့အား ငါလုပ်ကျွေးခြင်း အမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း၊ ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအား ထုတ်၍ ငါ့အဘို့အလိုငှါ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ် တော်၏ မေတ္တာကရုဏာကို အကြောင်းပြု၍သင်တို့ကို ငါတိုက်တွန်နှိုးဆော်ပါ၏။