Skip to content

Thyatira အကြောင်း ကျမ်းစာအခန်းငယ်များ

4 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုအခါ နီမောင်သောအထည်အလိပ်ကို ရောင်းသော သွာတိုရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသော အရာကို မှီဝဲဆည်းကပ်စေခြင်းငှါ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။

  2. မြည်သောအချက်ဟူမူကား၊ သင်သည်မြင်သော အရာကို စာစောင်၌ ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက် လော့ဟုဆိုသတည်း။

  3. သွာတိရမြို့၌ ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့် ၎င်း ၊ ကြေးဝါစစ်နှင့်တူသောခြေနှင့်၎င်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊

  4. ထိုမိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ် သည်နှင့်အညီ၊ စာတန်၏ နက်နဲသောအရာဟုခေါ်ဝေါ် သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ၊ ကြွင်းသောသွာတိရမြို့သားတို့ကို ငါဆိုသည်ကား၊ သင်တို့ သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့။