အကြောင်းအရာသို့ ကျော်သွားရန်

The River Jordan အကြောင်း ကျမ်းစာအခန်းငယ်များ: Division of its waters to let Israel pass over

5 အခန်းငယ် · 31 ရှုထောင့်

"The River Jordan" ကို ရှာဖွေရန်

Division of its waters to let Israel pass over အကြောင်း အခန်းငယ်များ

  1. သို့ဖြစ်၍ ဣသရေလအမျိုးများထဲက တမျိုးတ ယောက်စီ၊ လူတဆယ်နှစ်ယောက်တို့ကို ရွေးကောက်ကြ လော့။

  2. မြေကြီးတပြင်လုံးကို အစိုးရတော်မူသော အရှင် ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရော ဟိတ်ခြေဘဝါးတို့သည်၊ ယော်ဒန်မြစ်ရေကို နင်းသော ခဏခြင်းတွင်၊ မြစ်ညာရေသည် ပြတ်၍ ပုံ့ပုံ့ကြွလျက် နေလိမ့်မည်ဟု ဆိုလေ၏။

  3. လူများတို့သည် ယော်ဒန်မြစ်ကို ကူးအံ့သောငှါ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်၊

  4. ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဘဝါးတို့သည် လျှံသောရေကို နင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတရှောက်လုံးကို လျှံလေ့ရှိသော် လည်း၊

  5. မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင် အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။