အကြောင်းအရာသို့ ကျော်သွားရန်

The Providence of God အကြောင်း ကျမ်းစာအခန်းငယ်များ: Preserving the course of nature

7 အခန်းငယ် · 41 ရှုထောင့်

"The Providence of God" ကို ရှာဖွေရန်

Preserving the course of nature အကြောင်း အခန်းငယ်များ

  1. မြေကြိးမကုန်မှီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသော ကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ၏။

  2. အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။

  3. မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ် စေခြင်းငှါ၊ တည်တော်မူသော ဘုရားပေတည်း။

  4. ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့် ဖုံးသကဲ့ သို့၊ ပင်လယ်နှင့် ဖုံးတော်မူ၍၊ ရေတို့သည် တောင်များ အပေါ်မှာ ရပ်နေကြပါ၏။

  5. တဖန် ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုဃ်းချုန်းတော်မူသံကိုကြား၍၊ အလျင်အမြန် ပြန်သွား ကြပါ၏။

  6. တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည် ဆင်း လျက်၊ သူတို့ဘို့ ခွဲခန့်တော်မူသော အရပ်သို့ ရောက်ကြ ပါ၏။

  7. ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုး စေခြင်းငှါ၊ မကျော်ရသော နယ်စပ်ကိုပိုင်းခြားတော်မူ၏။