The Pharisees အကြောင်း ကျမ်းစာအခန်းငယ်များ: Declared the doctrines of, to be hypocrisy
Declared the doctrines of, to be hypocrisy အကြောင်း အခန်းငယ်များ
ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကိုသတိနှင့်ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။
ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏ တဆေးကိုကြဉ်ရှောင်ကြ ဟူသောစကားကို ငါပြောသည်တွင်၊ မုန့်ကိုအမှတ်ပြု၍ ငါမပြောသည်ကို သင်တို့သည် နားမလည်ဘဲ အဘယ်သို့နေကြသနည်းဟု မိန့်တော်မူ၏။
ထိုအခါ တပည့်တော်တို့သည် မုန့်၏တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော်မမူ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ ဩဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။
ထိုအခါ အတိုင်းမသိများစွာသော လူတို့သည်စုဝေး၍ အချင်းချင်း နင်းမိမတတ် နေကြသည်ရှိသော်၊ ယေရှုသည် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။