အကြောင်းအရာသို့ ကျော်သွားရန်

The Miracles of Christ အကြောင်း ကျမ်းစာအခန်းငယ်များ: The deaf and dumb cured

4 အခန်းငယ် · 30 ရှုထောင့်

"The Miracles of Christ" ကို ရှာဖွေရန်

The deaf and dumb cured အကြောင်း အခန်းငယ်များ

  1. ထိုအခါ နားပင်း၍ စကားအသောသူတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ သူ့အပေါ်မှာ လက်တော်ကို တင်ပါမည်အကြောင်း တောင်းပန်ကြ၏။

  2. ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲကခေါ်၍၊ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုး တော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံထွေးနှင့် ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။

  3. ထိုနောက် ကောင်းကင်သို့ ကြည့်မျှော်၍ ညီးတွားသံကိုပြုလျက်၊ ဧဖသဟု မိန့်တော်မူ၏။ အနက် ကား၊ ပွင့်စေဟု ဆိုလိုသတည်း။

  4. ထိုခဏခြင်းတွင် သူသည် နားပွင့်ခြင်း၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပြီပြီပြောနိုင်၏။