အကြောင်းအရာသို့ ကျော်သွားရန်

The Heathen အကြောင်း ကျမ်းစာအခန်းငယ်များ

35 အခန်းငယ် · 37 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှါ လာကြ ၏။ ရှေ့သို့သာ မျက်နှာပြုသော အလုံးအရင်းဖြစ်၍၊ ဘမ်း မိသောသူတို့ကို သဲလုံးနှင့်အမျှ စုဝေးစေကြလိမ့်မည်။

  2. ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ်တရားကို သိလျက်ပင်ပြစ်မှားသော သူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံရကြလိမ့်မည်။

  3. အကြောင်းမူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။

  4. သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလိုအလျောက်တရားတော်ကို ကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်၎င်း၊

  5. ကိုယ်ကို ကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်၎င်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်၎င်း၊ မိမိတို့စိတ်နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။

  6. ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မထင်ရှား သော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့၌ ထိုသို့စီရင်တော်မူလတံ့။

  7. အရေဖျားလှီးခြင်းကိုခံသော သူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။ တပါးအမျိုးသားတို့သည်လည်း၊ ဘုရားသခင်၏ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့်တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်ဟု လာသတည်း။

  8. တဖန်လာသည်ကား ၊ တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက် ခြင်းရှိကြလော့ဟုလာ၏။

  9. တဖန်ကား၊ လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့၊ အလွန်ချီးမွမ်း ကြလော့ဟုလာ၏။

  10. တဖန်ဟေရှာယဆိုသည်ကား၊ ယေရှဲ၏ အမြစ်ပေါက်၍ တပါးအမျိုးသားတို့ကို အုပ်စိုးခြင်းငှါ ပေါ်ထွန်းသောသူဖြစ်လိမ့်မည်။ ထိုသူကို တပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟုဆိုသတည်း။