The Heathen အကြောင်း ကျမ်းစာအခန်းငယ်များ: Employed to chastise the Church
Employed to chastise the Church အကြောင်း အခန်းငယ်များ
သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတပါး ပြညွှန်သော်လည်း သင်တို့ မယုံသော အမှုကို သင်တို့လက်ထက်ကာလ၌ ငါပြု၏။
ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုး ဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူ ခြင်းငှါ မြေတပြင်လုံး၌ ချီသွားကြလိမ့်မည်။
အလွန်ကြောက်မက်ဘွယ်သော သူဖြစ်၍ ကိုယ် အလိုအလျောက်တရားစီရင်ဆုံးဖြတ်ကြ၏။
သူတို့၏ မြင်းသည် ကျားသစ်ထက် လျင်မြန်၏။ ညဉ့်၌ လည်သော တောခွေးထက် ကြမ်းတမ်း၏။ မြင်းစီး သူရဲတို့သည် အဝေးကလာ၍ ခုန်ကြလိမ့်မည်။ အကောင် ကို ကိုက်စားခြင်းငှါ လျင်မြန်သော ရွှေလင်းတကဲ့သို့ ပျံ လာကြလိမ့်မည်။
ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှါ လာကြ ၏။ ရှေ့သို့သာ မျက်နှာပြုသော အလုံးအရင်းဖြစ်၍၊ ဘမ်း မိသောသူတို့ကို သဲလုံးနှင့်အမျှ စုဝေးစေကြလိမ့်မည်။