အကြောင်းအရာသို့ ကျော်သွားရန်

The Affections အကြောင်း ကျမ်းစာအခန်းငယ်များ: Upon the people of God

6 အခန်းငယ် · 16 ရှုထောင့်

Upon the people of God အကြောင်း အခန်းငယ်များ

  1. ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက်ပါ၏။

  2. ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကိုတယောက်စုံမက်ကြလော့။ ချီးမွမ်း ခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။

  3. ထိုကြောင့်သင်တို့၏ သက်သာခြင်း အကြောင်း အားဖြင့်၊ ငါတို့သည်လည်း သက်သာခြင်း သို့ရောက်သည် သာမက၊ တိတု၏ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ၍အလွန်ဝမ်းမြောက်ကြ၏။ သင်တို့ရှိသမျှသည် ထိုသူ၏စိတ်နှလုံးကို သက်သာဝမ်းမြောက်စေကြသည် ဖြစ်၍၊

  4. အထက်ကငါသည် သင်တို့ကိုအကြောင်းပြု၍ ဝါကြွားသော စကားကိုထိုသူအားပြောပြီးလျှင်၊ ယခု ရှက်ကြောက်ခြင်းမရှိ။ ငါတို့သည် အရာရာ၌ သင်တို့အား ဟုတ်မှန်စွာပြောသည်နည်းတူ၊ တိတုရှေ့၌ ငါ ဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်း ထင်ရှား၏။

  5. သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူတို့ လက်ခံ၍နားထောင် ကြသည်ကို သူသည် အောက်မေ့သဖြင့်၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။

  6. ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရှိကြ၏။