Skip to content

Shields အကြောင်း ကျမ်းစာအခန်းငယ်များ

36 အခန်းငယ် · 23 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ကယ်တင်ခြင်းအစွမ်းသတ္တိဖြစ်တော်မူ၏။ စစ်တိုက်ရသောနေ့၌ အကျွန်ုပ် ၏ဦးခေါင်းကို ဖုံးအုပ် တော်မူ၏။

  2. လည်ပင်းသည်လည်း၊ သူရဲတို့သာသုံးဆောင် တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့် တူ၏။

  3. စားပွဲကိုပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျက်နေကြပြီ။ အိုမင်းများတို့၊ ထကြ၊ လွှားကို ဆီလောင်းကြ။

  4. ဧလံအမျိုးသည် မြှားတောင့်ကို ဆောင်လျက်၊ ရထားစီးသူရဲ၊ မြင်းစီးသူရဲ တို့နှင့်တကွ လာ၏။ ကိရ အမျိုးသည် ဒိုင်းလွှားကို ထုတ်လေ၏။

  5. ဒိုင်းလွှားတို့ကို ပြင်ဆင်၍၊ စစ်တိုက်ခြင်းငှါ ချဉ်းကပ်ကြလော့။

  6. မြှားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံ ရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းအမှုဖြစ်သတည်း။

  7. သူသည်လယ်ပြင်၌ရှိသော သင်၏သားသမီးတို့ကို ထားနှင့်သတ်လိမ့်မည်။ သင့်တလက်၌ ရဲတိုက်ကိုတည်၍ မြေရိုးကိုဖို့ပြီးလျှင်၊ ဒိုင်းလွှားတို့ကို ချီကာလိမ့်မည်။

  8. ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏ တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှား စေကြ၏။

  9. ဣသရေလမြို့တို့၌ နေသောသူတို့သည် ထွက် သွား၍၊ စစ်တိုက်လက်နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြှား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။

  10. သူရဲတို့သည် နီသော ဒိုင်းလွှားကို ဆောင်၍၊ နီသော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထား တို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။

  11. မာရ်နတ်ပြစ်ခတ်သော မီစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကို လည်းခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။