Sheshai အကြောင်း ကျမ်းစာအခန်းငယ်များ: A son of Anak.
A son of Anak. အကြောင်း အခန်းငယ်များ
တောင်မျက်နှာ၌ ရှောက်သွား၍ အာနက အမျိုး သားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်းသော မြို့ဖြစ်သတည်း။
ထိုမြို့ထဲက ကာလက်သည် အာနကသားသုံး ယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သော နောက်၊
တဖန် ယုဒအမျိုးသည်၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့၌နေသော ခါနနိလူတို့ ရှိရာသို့ ချီသွား၍၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို လုပ်ကြံကြ၏။