အကြောင်းအရာသို့ ကျော်သွားရန်

Sermon အကြောင်း ကျမ်းစာအခန်းငယ်များ

84 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။

  2. ထိုမှတပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တဖန် မိမိမကြည့်မမှတ်၊

  3. ညဉ့်၊ နေ့၊ အိပ်လျက် ၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏နိုင်ငံ တော်တူ၏။

  4. မြေကြီးသည် မိမိအလိုအလျောက်အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသောအဆန်ကို ဖြစ်စေတတ်၏။

  5. အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ် သည်ဟု မိန့်တော်မူ၏။

  6. ထိုမှတပါး ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့ နည်းဟူမူကား၊

  7. မုန်ညင်းစေ့နှင့်တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ် သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊

  8. မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက် သော အကိုင်းအခက်ကြီးတို့ကိုဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။

  9. ထိုသို့သော ဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော်မူ၏။