Skip to content

Sensuality အကြောင်း ကျမ်းစာအခန်းငယ်များ

13 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. စားသောက်ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ၎င်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။

  2. ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက် ခြင်း၊ ပျော်မွေ့ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။

  3. အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။

  4. ကြည့်ပါ။ဝမ်းမြောက် ရွှင်လန်းခြင်းအမှု၊ သိုးနွား များကိုသတ်ခြင်း၊ အမဲသားစားခြင်း၊ စပျစ်ရည် သောက် ခြင်း အမှုကို ပြုလျက်၊ ငါတို့သည် စားကြကုန်အံ့၊ သောက် ကြကုန်အံ့၊ နက်ဖြန်သေရ ကြမည်ဟု ပြောဆို ကြ သည် တကား။

  5. လာကြ။ စပျစ်ရည်ကို ယူခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ၏။

  6. ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထား လျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။

  7. ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ၏။

  8. အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကို၎င်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကို၎င်း အောက်မေ့လော့။ ယခုမူကား၊ သူသည်သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာ ကို ခံရ၏။

  9. သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။

  10. အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်းတတ်၏။

  11. သင်တို့သည်မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။ သတ်ရသောနေ့၌ကဲ့သို့၊ မိမိတို့ နှလုံးကို မွေးမြူကြပြီ။

  12. ငါတို့သခင်ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက်မေ့ကြလော့။

  13. ထိုသူတို့သည်သင်းခွဲသောသူ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူဖြစ်ကြ၏။