အကြောင်းအရာသို့ ကျော်သွားရန်

Segub အကြောင်း ကျမ်းစာအခန်းငယ်များ

5 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကို တည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့် အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေး စေရပ်လက်ထက်၌ မြို့တံခါးတို့ကို ထောင်၏။

  2. ချွေးမတာမာတွင် မြင်သောသားကား ဖာရက် နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက် တည်း။

  3. ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း။

  4. ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘမာခိရ၏သမီးနှင့် စုံဘက်၍ စေဂုပ် ကို မြင်လေ၏။

  5. စေဂုပ်သားကား ယာဣရတည်း။ ထိုသူသည် ဂိလဒ်ပြည်၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင်၏။